Airplane Mode အကြောင်းတစ်စေ့တစ်စောင်း
– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –
မိတ်ဆွေများရင်းနှီးပြီးသားဖြစ်တဲ့
Airplane Mode ဆိုတာကတော့ Keypad Device တွေမှစလို့ Smart Phone တွေအဆုံးပါဝင်တဲ့ လေယာဉ်ပုံသင်္ကေတလေးတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် သူနဲ့ပတ်သက်ပြီးဘယ်လိုတွေ အသုံးဝင်တယ်၊ ဘယ်လိုတွေအရေးပါတယ်ဆိုတာကိုတော့ သေသေချာချာ သိရှိခြင်းမရှိကြပါဘူး။ Airplane Mode ကိုအကြမ်းအားဖြင့် လေယာဉ်ပျံစီးတဲ့အခါ၊ လေယာဉ်ပျံသန်းနေချိန်အတွင်းမှာသုံးဖို့ ထည့်ပေးထားတယ်လို့ပဲ အခြေခံအားဖြင့်မှတ်ယူထားကြပါတယ်။ ခုနောက်ပိုင်း window တွေမှာတောင် ပါဝင်လာပါပြီ။
Airplane Mode ဘယ်လိုအလုပ်လုပ်လဲဆိုတော့
ဖုန်းပေါ်မှာရှိတဲ့ Wireless Network Device တွေကိုလုံးဝရပ်တန့်သွားအောင်လုပ်ဆောင်ပေးတဲ့ Setting တစ်ခုဖြစ်ပါတယ်။ Mobile Signal (Radioလှိုင်း) ၊ Bluetooth Network ၊ WiFi Network နဲ့ GPS Network တွေဟာ Airplane Mode ကိုဖွင့်လိုက်တာနဲ့ လုံးဝရပ်တန့်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် Mobile Network ကလွဲလို့ ကျန်တဲ့ WiFi ၊ Bluetooth နဲ့ GPS စနစ်တွေကိုတော့ Airplane Mode ဖွင့်ထားတဲ့အချိန်မှာတောင် အသုံးပြုလို့ရနိုင်ပါသေးတယ်။ လေယာဉ်ပျံသန်းမှုကိုအကြီးမားဆုံးအနှောင့်အယှက်ပေးနိုင်တဲ့ Telephone Radio Network ကိုပဲမဖြစ်မနေ ပိတ်ထားတဲ့ သဘောမျိုးဖြစ်ပါတယ်။
Airplane Mode ကိုလေယာဉ်ပေါ်မှာအသုံးပြုရခြင်းက
မိုဘိုင်းဖုန်းတွေဟာ လိုင်းမကောင်းတဲ့နေရာမျိုးတွေမှာ Radio လှိုင်းတွေပိုထုတ်ပြီး Network ရှာဖွေမှုလုပ်ရပါတယ်။ လေယာဉ်ပျံသန်းနေတဲ့အချိန်မျိုးမှာဆိုရင် ဖုန်းတာဝါတိုင်တွေနဲ့ဝေးကွာသွားတဲ့အတွက့် သင့်လက်ထဲမှာရှိနေတဲ့စမတ်ဖုန်းဟာ ကြိမ်နှုန်းအမြင့်ဆုံးကိုအသုံးပြုပြီး Network Searching ကိုစတင်လုပ်ဆောင်ပါတော့တယ်။ အဲ့ဒီလိုရှာဖွေမှုပြုလုပ်တဲ့အခါမှာ လေယာဉ်မောင်းခန်းမှာရှိတဲ့ (လေကြောင်းပြတာဝါနဲ့ လေယာဉ်နဲ့ဆက်သွယ်တဲ့) ဆက်သွယ်ရေးစနစ်တွေရဲ့ ရေဒီယိုလှိုင်းတွေကိုဝင်ရောက်နှောက်ယှက်ပါတော့တယ်။ အခန့်မသင့်ရင်တော့ လေယာဉ်မတော်တဆမှုတွေဖြစ်ပြီးအသက်ပေါင်းများစွာဆုံးရှုံးနိုင်ပါတယ်။
GPS ရဲ့ထူးခြားချက်တစ်ခုကတော့
Wireless စနစ်တွေထဲမှာထူးခြားတာကတော့ GPS စနစ်ပဲဖြစ်ပါတယ်။ GPS Network ရဲ့လုပ်ဆောင်ချက်ဟာ သီအိုရီအရ တခြား WiFi နဲ့ Bluetooth တို့ရဲ့လုပ်ဆောင်ပုံနဲ့မတူပါဘူး။ GPS ဟာ Signal လှိုင်းတွေထုတ်လွှတ်မှုလုံးဝမရှိတဲ့ စနစ်တစ်ခုဖြစ်ပေမယ့် တချို့သောလေကြောင်းလှိုင်းတွေဟာ ဘယ်လိုနည်းလမ်းနဲ့မှ GPS စနစ်ကိုလေယာဉ်ပေါ်မှာအသုံးပြုခွင့်မပေးပဲတားမြစ်ထားတာမျိုးတွေရှိနေပါသေးတယ်။
Airplane Mode ရဲ့အသုံးဝင်မှု ဟာ လေယာဉ်ပေါ်မှာပဲသုံးလို့ရတာ မဟုတ်ပါဘူး။ ဖုန်း Battery အားနည်းနေတဲ့အချိန်မျိုးမှာလည်း Battery Saving ဖြစ်အောင် ပြုလုပ်နိုင်ပါသေးတယ်။ ဖုန်းမှာရှိတဲ့ Network Devices တွေအားလုံးကို ရပ်တန့်လိုက်မှာဖြစ်တဲ့အတွက် အားကုန်ခါနီးဖုန်းတစ်လုံးအတွက်အထိရောက်ဆုံး Saving စနစ်ပါ။ (ဖုန်းလိုင်းတော့အသုံးပြုနိုင်မှာမဟုတ်တော့ပါဘူး)။ Airplane Modeဖွင့်ပြီး ဖုန်းအားသွင်းမယ်ဆိုရင်လဲ ပုံမှန်ထက်ပိုပြီး မြန်မြန်ဆန်ဆန် အားဝင်စေမှာဖြစ်ပါတယ်
Ref : Mobile Knowledge
BTAT by Alex Tin Ko Win



