About Mouse

Mouse ဆိုတာ

ကွန်ပြူတာလို့ပြောလိုက်တာနဲ့ ဘယ်သူမဆို ကီးဘုတ် နဲ့ မောက် ပါ ပူးတွဲမြင်ကြမှာပါ။

ကွန်ပြူတာတစ်လုံးရဲ့ performance ဘယ်လောက်ကောင်းကောင်း ကီးဘုတ်နဲ့ မောက်မရှိတဲ့ ကွန်ပြူတာဟာ ဆီမပါတဲ့ အသားဟင်းတစ်ပွဲလိုပါပဲ၊ ခြောက်ကပ်ကပ်နဲ့ မပြည့်စုံတော့ဘူးပေါ့။

ဒီလို ကွန်ပြူတာရဲ့ လုပ်ဆောင်ချက်တွေ ပြည့်မြောက်ဖို့အတွက် အသုံးဝင်လှတဲ့ mouse လေးတွေကို ဘယ်သူ က စတင်ထုတ်လုပ်ခဲ့တာလဲ။ ဘယ်လို အိုင်တီယာမျိုးတွေနဲ့ ဒီလို ကြွက်ပုံစံလေးဖြစ်အောင် လုပ်ခဲ့တာလဲဆို တာ စိတ်ဝင်စားစရာပါ။

ဆားကစ်ဘုတ်ပြားကို သစ်သားအခွံနဲ့ဖုံးအုပ်ထားပြီး အောက်ဘက်မှာ လားရာမတူတဲ့ သတ္တုဘီး ၂ ဘီးပါဝင်တဲ့ ပထမဦးဆုံး Mouse ကို ၁၉၆၄ ခုနှစ်မှာ အမေရိကန်နိုင်ငံသား Douglas Engelbart ကတီထွင်ခဲ့တာပါ။

လားရာမတူရခြင်းအကြောင်းကတော့ ပထမတစ်ဘီးက ဘယ်၊ညာ ရွေ့လျားမှုအတွက်ဖြစ်ပြီး ဒုတိယတစ်ဘီးကတော့ အပေါ်၊အောက် ရွေ့လျားမှုအတွက်ကြောင့်ဖြစ်ပါတယ်။

Douglas Engelbart ရဲ့တီထွင်မှုအပြီး ၈နှစ်အကြာ Bill English ရဲ့လက်ထက် ၁၉၇၂ မှာတော့ ဒီနေ့ခေတ် ၂၁ ရာစုအစောပိုင်းလောက်အထိ အသုံးပြုခဲ့တဲ့ Ball Mouse ကိုအဆင့်မြှင့်ဖန်တီးနိုင်ခဲ့ပါတယ်။ Ball Mouse လို့အမည်ပေးရတဲ့အကြောင်းရင်းကတော့ ယခင် သတ္ထုဘီး၂ဘီးနေရာမှာ ဘောလုံးကိုအစားထိုးအသုံးပြုလာတဲ့အတွက်ကြောင့်ပါ။ (သတ္တုလုံးကို ရာဘာသားနဲ့ပြန်ဖုံးအုပ်ထားတယ်လို့ထင်ရပါတယ်) နောက်မှရောက်လေပိုကောင်းလေဆိုတဲ့အတိုင်း Ball Mouse က Douglas Engelbart ရဲ့ Mouse ထက်ပိုပြီးစွမ်းဆောင်ရည်ကောင်းမွန်မှုရှိသလို သတ္တုဘီးအစား ဘောလုံးဖြစ်တဲ့အတွက် ဦးတည်ရာအမျိုးမျိုးကိုလိုသလို ချောချောမွေ့မွေ့နဲ့ရွေ့ပြောင်းနိုင်စွမ်းရှိနေပါပြီ။

အဲ့ဒီအချိန်မှာပဲ Bill ဟာ Xerox ကုမ္ပဏီကတည်ထောင်ထားတဲ့ ကွန်ပျူတာတွေရဲ့အနာဂတ်ဒီဇိုင်းအတွက် သုသေတနပြုလုပ်နေတဲ့ Research Center မှာအလုပ်လုပ်နေခဲ့ပါတယ်။ လက်ရှိအသုံးပြုနေတဲ့ Mouse တွေရဲ့ အမြင်ပိုင်းဆိုင်ရာနည်းပညာကို မျိုးဆက်အသစ်တစ်ခုအဖြစ်အသွင်ပြောင်းလဲပစ်နိုင်ဖို့အတွက်ဖြစ်ပါတယ်။

Ball Mouse က အစစအရာရာအသုံးပြုလို့အဆင်ပြေနေပေမယ့် အားနည်းချက်တစ်ခုကရှိနေပြန်ပါသေးတယ်။ အကြောင်းကတော့ ဘောလုံးဟာ အောက်ဘက်ကြမ်းမျက်နှာပြင်နဲ့မကြာခဏဆိုသလိုထိတွေ့ပွတ်တိုက်နေရတဲ့အတွက်ကြာလာတဲ့အခါမှာ ညစ်ပတ်လာပြီး Mouse ရဲ့လုပ်ဆောင်ချက်များကို ချို့ယွင်းလာစေပါတယ်။
ဒီလိုနဲ့ပဲ နောက်ထပ်ရှစ်နှစ်အကြာ 1980 မှာတော့ Lisa M. Williams နဲ့ Robert S. Cherry တို့၂ယောက်ဟာ Optical Mouse ဆိုတဲ့ အနီအောက်ရောင်ခြည်သုံး Mouse နည်းပညာသစ်ကိုတီထွင်နိုင်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Xerox STAR လို Xerox Products တွေနဲ့တွဲဖက်ရောင်းချဖို့အတွက်အမေရိကန်နည်းပညာဈေးကွက်မှာ US patent no. 4751505 အဖြစ်မှတ်ပုံတင်စတင်ရောင်းချခဲ့ပါတယ်။ အဲ့ခေတ်က Optical Mouse တစ်လုံးရဲ့ထုတ်လုပ်မှုကုန်ကျစားရိတ်က အမေရိကန်ဒေါ်လာ $17 ရှိပြီး ပြန်လည်ရောင်းချတဲ့တန်ဖိုးကတော့ $35 နဲ့ရောင်းချခဲ့ပါတယ်။ ဒီလိုနဲ့ပဲ Ball Mouse တွေဟာ Optical Mouse တွေရဲ့လွှမ်းမိုးမှုကိုခံရပြီးပျောက်ကွယ်သွားခဲ့ပါတယ်။ ဒီကနေ့မှာတော့ Optical Mouse တွေကိုနေရာအနှံ့မှာတွေ့မြင်နိုင်သလို အရည်အသွေးအမျိုးအစားဆုံလင်စွာဖြင့် အနိမ့်ဆုံးတန်ဖိုး မြန်မာငွေ ၁ထောင်ကျပ်လောက်ကနေစပြီးဝယ်ယူနိုင်နေပြီဖြစ်ပါတယ်။

ဘာလို့ Computer Mouse လို့ခေါ်တာလဲ?

သူ့ရဲ့ပုံစံဟာ ကြွက်ကလေးတစ်ကောင်နဲ့တူနေလို့ပါ။ “Mouse” ဆိုတဲ့အမည်ဟာ ဘယ်သူကစပြီးပေးခဲ့သလဲဆိုတာတော့ မမှတ်မိကြတော့ပေမယ့် Body က ကြွက်ရဲ့ကိုယ်ခန္ဓာပိုင်းနဲ့ဆင်တူပြီး ကွန်ပျူတာနဲ့ချိတ်ဆက်အသုံးပြုတဲ့ ကေဘယ်ကတော့ ကြွက်မြှီးလေးနဲ့တူတဲ့အတွက် Computer Mouse လို့ပဲခေါ်တွင်ခဲ့တာပါ။ ဒီကနေ့မှာတော့ Computer Mouse ဟာ ကျနော်တို့ရဲ့နေ့စဉ်လူမှုဘဝတွေနဲ့မစိမ်းတော့ပါဘူး။ လူသားတွေရဲ့လက်ကောက်ဝတ်အောက်က ကြွက်ကလေးတစ်ကောင်အဖြစ်နဲ့ပေါ့။

BTAT
htetmyat

Published by Basic to Advance Techniques

Hi, i'm newbie

Leave a comment